Thursday, February 18, 2010

အော်…….အလှအပ



မြတ်စွာဘုရားက အလှအပဆိုတာ အရေပြားတထောက်စာလို့ဆိုပေမဲ့ လဲ ပုထုဇဉ် လူသားများကတော့ ဒီ အလှ အပ အတွက် ဖြစ်နေကြတာလေးကို……အောက်ပါ သတင်းလေးတစ်ပုဒ်နဲ့ဖော်ပြလိုက်ပါတယ်…သူငယ်ချင်းတို့ဘယ်လိုမြင်ကြလဲဆိုတာကို သိချင်ပါတယ်..

တရုပ်ပြည် ရှန်ဟိုင်းမြို့ ရှိ တရုပ်အမျိုးသမီးငယ်လေးတစ်ဦးသည်၊ သူမ၏ ချစ်သူက သူမအား Jessica Alba နှင့် တူစေရန် ခွဲစိတ်ပြုပြင်မှုကို ငြင်းဆိုခဲ့သည့် အတွက် လမ်းခွဲ ခဲ့သဖြင့် သူမ၏ ချစ်သူကို ပြန်လည် လက်ခံလာစေရန် ပလပ်စတစ် ဆာဂျရီ လုပ်ရန် စီစဉ်နေပြီ ဟု AHN သတင်းတစ်ပုဒ် အရသိရသည်။
အသက် ၂၁ နှစ် ရှိသူ ရှောင်ချင် ဟု ခေါ်သည့် အဆိုပါ အမျိုး သမီးငယ် မှ ၄င်းကို ရှန် ဟိုင်း ရှိ ခွဲ စိတ်ဆရာ ၀န် တဦး မှ အခကြေးငွေ ပေးစရာ မလိုပဲ မျက်နှာခွဲစိတ်မှုကို ဆောင်ရွက်ပေးမည် ဟု ပြောပါသည်။
Shang Hai Time Plastic Surgery Hospital ဆေးရုံမှ ၄င်းခွဲစိတ်ဆရာဝန် Liu Qi က မျက်ခုံးကိုမြင့်တင်ခြင်း၊ မျက်ခွံကို ပုံစံပြုပြင်ခြင်း၊ နှာခေါင်းကိုပြုပြင်ခြင်း တို့ကို ပြုလုပ်သွားရန်လိုအပ်ပြီး။ ခွဲစိတ်မှု အားလုံးပြီးသွားပါက မျက်နှာ အသစ် ဖြစ်သွားမည် ဟုဆိုပါသည်။

No comments:

Post a Comment