Saturday, February 27, 2010

Sunday, February 21, 2010

Hat Fashion ( 1)




နိုင်ငံတကာက ထူးဆန်းတဲ့ ဦးထုပ်ဖက်ရှင် လေးတွေကို ဆက်လက်ပြီးတင်ပြသွားပါမယ်..ဖက်ရှင်ဒီဇိုင်နာ ဆိုတာ က ရှိတာနဲ့ တီထွင်ပြီး ချုပ်လုပ်ဒီဇိုင်းဖော်နိုင် ရမယ် မဟုတ်လား..ဒါလေးကတော့ အသားတွေ ၀က်အူချောင်းတွေ နဲ့ တီထွင်ပြီး လုပ်ထားတဲ့ ဦးထုပ်လေးတွေပေါ့နော်.....စမ်းကြည်ချင်တယ်ဆိုရင်တော့....ဈေးက ပြန်လာလို့ အသားတွေ ၀ယ်လာတဲ့နေ့ ဆိုစမ်းပြီး......ဓါတ်ပုံလေးပါရိုက်ပြီးပို့ပေးလို့ ရပါတယ်....

Thursday, February 18, 2010

အော်…….အလှအပ



မြတ်စွာဘုရားက အလှအပဆိုတာ အရေပြားတထောက်စာလို့ဆိုပေမဲ့ လဲ ပုထုဇဉ် လူသားများကတော့ ဒီ အလှ အပ အတွက် ဖြစ်နေကြတာလေးကို……အောက်ပါ သတင်းလေးတစ်ပုဒ်နဲ့ဖော်ပြလိုက်ပါတယ်…သူငယ်ချင်းတို့ဘယ်လိုမြင်ကြလဲဆိုတာကို သိချင်ပါတယ်..

တရုပ်ပြည် ရှန်ဟိုင်းမြို့ ရှိ တရုပ်အမျိုးသမီးငယ်လေးတစ်ဦးသည်၊ သူမ၏ ချစ်သူက သူမအား Jessica Alba နှင့် တူစေရန် ခွဲစိတ်ပြုပြင်မှုကို ငြင်းဆိုခဲ့သည့် အတွက် လမ်းခွဲ ခဲ့သဖြင့် သူမ၏ ချစ်သူကို ပြန်လည် လက်ခံလာစေရန် ပလပ်စတစ် ဆာဂျရီ လုပ်ရန် စီစဉ်နေပြီ ဟု AHN သတင်းတစ်ပုဒ် အရသိရသည်။
အသက် ၂၁ နှစ် ရှိသူ ရှောင်ချင် ဟု ခေါ်သည့် အဆိုပါ အမျိုး သမီးငယ် မှ ၄င်းကို ရှန် ဟိုင်း ရှိ ခွဲ စိတ်ဆရာ ၀န် တဦး မှ အခကြေးငွေ ပေးစရာ မလိုပဲ မျက်နှာခွဲစိတ်မှုကို ဆောင်ရွက်ပေးမည် ဟု ပြောပါသည်။
Shang Hai Time Plastic Surgery Hospital ဆေးရုံမှ ၄င်းခွဲစိတ်ဆရာဝန် Liu Qi က မျက်ခုံးကိုမြင့်တင်ခြင်း၊ မျက်ခွံကို ပုံစံပြုပြင်ခြင်း၊ နှာခေါင်းကိုပြုပြင်ခြင်း တို့ကို ပြုလုပ်သွားရန်လိုအပ်ပြီး။ ခွဲစိတ်မှု အားလုံးပြီးသွားပါက မျက်နှာ အသစ် ဖြစ်သွားမည် ဟုဆိုပါသည်။

Wednesday, February 17, 2010

ထူးဆန်းလှပတဲ့ စာအုပ်စင် ဒီဇိုင်းလေးတွေ







ဖက်ရှင်နဲ့ ဒီဇိုင်းဆိုတာ လူမှု ပတ်ဝန်းကျင် မှာ အမြဲထိတွေ့နေရတာမို့....လှတဲ့ .....ဖန်တီးမှု စွမ်းအားကောင်းတဲ့ အိုင်ဒီယာ ရှိတဲ့ ဒီဇိုင်းလေးတွေကို မျှဝေချင်လို့ ဒီ post လေးကို တင်ဖြစ်သွားတာပါ...နောက်လဲ အ၀တ်အစားဒီဇိုင်းမှ မဟုတ်ပဲ......တခြားဒီဇိုင်းနဲ့ ပါတ်သက်တာလေးတွေကို ဆက်လက်မျှဝေသွားမယ်နော်..
ဝေဖန်အကြံပြု ဆွေးနွေးပေးကြပါဦးလို့ ဖိတ်ခေါ်ပါရစေ.....

2010 fashion trend





2010 ရဲ့ Women Fashion Trend ကတော့ ဒူးထိဒါမှ မဟုတ်ပေါင်ထိရှည်တဲ့ ခြေအိတ်များကိုဝတ်ဆင်ခြင်းလို့ဆိုပါတယ်...ဘယ်လိုလူတွေက ၀တ်ဆင်ကြလဲ ဘယ်ရှိုးတွေမှာ ၀တ်ခဲ့ကြလဲ ဆိုတာတော့ အောက် ကလင့်လေးမှာ ကြည့်ရင် ရပါတယ်....တွဲဖက်မ၀တ်တတ်ရင် တော့ ၁၉၇၀ခုနှစ်တွေက ကျောင်းသူလေးတွေရဲ့ စတိုင်လ်မျိုးလဲဖြစ်သွားနိုင်ပါတယ်..ဖက်ရှင်ရေစီးဆိုတာကတော့ အမြဲတမ်းပြန်ကျော့နေတဲ့ သဘောတော့ရှိပါတယိ..ကဲ ကြည့်လိုက်ကြရအောင်နော်...
• ခြေအိတ်အရှည်လေးတွေကို ကိုယ်ဝယ်တော့မယ်ဆိုရင် တော့ ကိုယ်နဲ့လိုက်ဖက်မဲ့ အောက်ပါ ၃ မျိုးထဲက တခုခုကို ရွေးချယ်ဖို့လိုပါတယ်….
• Knee High Sock
• Over the Knee Sock
• Thigh High Sock တို့မှ

မိမိနဲ့လိုက်ဖက်ရာကိုရွေးချယ်တတ်ဖို့လိုပါတယ်...၀ယ်ပြီးမှ မ၀တ်ဖြစ်ပဲ သိမ်းထားရင် လဲနှမြောစရာဖြစ်နေရမယ်မဟုတ်လား။


တချို့ကတော့ ပုံမှာ ပြထားသီလို ခပ်ကြမ်းကြမ်း ခပ်ရဲ ရဲ အလှဆင်ထားတဲ့ ခြေအိတ်မျိုးကိုမှ နှစ်သက်တဲ့လူလဲရှိမှာပါ။ကဲ ၂၀၁၀ မှာ ခြေအိတ်ရှည်လေးတွေနဲ့ အလှဆင်လိုက်ကြရအောင်နော်....

ဖိနပ်ဖက်ရှင်




ဒီဖိနပ်လေးတွေကတော့ MELFLEX plastic လို့ခေါ်တဲ့ အလွန်ပျော့ပြောင်းတဲ့ PVC နဲ့ပြုလုပ်ထားပြီး၊ recycle ပြန်လည် အသုံးပြုနိုင်တွှဲ့ plastic တမျိုးလဲဖြစ်ပါတယ်။
သင်ဟာ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူဆိုရင်တော့ ဒါမှ မဟုတ် မြေကြီးထဲမှာ မဆွေးမြေ့ မပျက်စီးနိုင်တဲ့ ပလပ်စတစ် များကို မတွေ့ချင်တဲ့ သူဆိုရင် ဒီ Melissa ဖိနပ်လေးတွေကို ၀ယ်ယူပြီးဖက်ရှင် လှလှ လေးဝတ်ဆင်ကြရအောင်နော်.....

Thursday, February 4, 2010

၂၀၀၉ Chatrium wedding Show

အဲဒီတုံးက ကမန်းကတန်းလုပ်လိုက်ရတယ်..........၀တ်စုံအားလုံးကို အရောင်နှစ်ရောင်ကို အဓိကထားပြီးချုပ်မယ်ဆိုပီး....ဒါပေမဲ့ တကယ်လုပ်တော့သိပ်အဆင်မပြေဖူးဖြစ်သွားတယ်..........
ကိုယ်လုပ်ပြီးတိုင်းစိတ်တိုင်းကို မကျနိုင်ဖူး............ဒီထက်ဒီပိုကြိုးစားရဦးမယ်...

Sunday, January 24, 2010

၂၀၁၀ ဖက်ရှင် ရေစီးကြောင်း

Int ‘ l Women Fashion Trend

သီရိရှင်းသန့် ရဲ့ ၂၀၁၀ ဖက်ရှင်

ဆယ်စု နှစ် တစ်ခု ပြောင်းတိုင်း နိုင်ငံတကာမှာ တော့ ဖက်ရှင် ရေစီကြောင်းဟာ ဂ ငယ်ကွေ့  ကွေ့ သလို ပြောင်းလဲတတ်သွားပါတယ်။ကမ္ဘာ့ ဖက်ရှင် ရေစီးကြောင်းကို
လွှမ်းမိုးထား နိုင်တဲ့ Paris Fashion Week , London Fashion Week , New York
Fashion Week တွေ ရဲ့  Fall နဲ့  Autumn ရှိုးတွေ မှာ နောက်နှစ် ခောတ်စားလာမယ့်
ဖက်ရှင် တွေ့ ကို တွေ့ နိုင်ပါတယ်။

ကမ္ဘာတစ်လွှားမှာ လူကြိုက်များတဲ့ FTV(Fashion TV) က တော့ ၂၀၁၀ မှာ အနီနဲ့  အနက် စပ်ထားတဲ့ ဖက်ရှင် နွေရာသီ မှာ ဆို အ၀ါ နဲ့ အနက်စပ်ထားတဲ့ ကာလာတွေ
လူကြိုက်များမယ်လို့ ဆိုပါတယ်။ In Style မဂ္ဂဇင်း ရဲ့ ဖက်ရှင် ဂုရုက တော့ အသားကပ်
ဘောင်းဘီ လို့ ခေါ်တဲ့ Tight Pant အရှည်၊အပေါ်က ကုတ်အရှည် နဲ့  လည်ရှည် သား
ရေဖိနပ် ဖက်ရှင် တွေ ခောတ်စား မယ့် နှစ် လို့ သုံးသပ်ထားပါတယ်။

နွေရာသီမှာ လူကြိုက်များမယ့် ဘီယွန့်ဆေး ရဲ့ ဖက်ရှင်

လာမယ့် ကမ္ဘာ့ ဖလား ဘောလုံးပွဲမှာ ၀တ်ဖို့ အတွက် လည်း အင်္ဂလန် ဘောလုံးကတော်
များက နာမည် ကျော် ဖက်ရှင် ဒီဇိုင်များ ဆီ အလုအယက် အပ်နှံနေကြတယ့် ဖက်ရှင် ဒီဇိုင်း ကတော့ ပုံမှာတွေ့ ရတဲ့ အတိုင်း အဆိုတော် ဘီယွန်ဆေး အမ်တီဗွီ ဆုပေးပွဲမှာ
ဝတ်ဆင်ခဲ့တဲ့ အနီရောင် စကတ် ဖက်ရှင် ဖြစ်ပါတယ်။

နွေရာသီမှာ တော့ လူလတ်ပိုင်း အမျိုးသမီး ငယ်များက အပေါ်အောက် တစ်ဆက်တည်း
ဖက်ရှင် တွေ ကို ပိုရွေးချယ်ကြလိမ့် မယ်လို့ In Style ရဲ့  ဖက်ရှင် ကဏ္ဍ မှာ သုံးသပ်ထား
ပါတယ်။

ဧည့် ခံပွဲ တွေမှာ တော့ အမျိုးသမီးတွေဟာ ရင်သားပေါ်ဖက်ရှင်တွေ ၀တ်မြဲတိုင်း ၀တ်ဆင် အုံး
မှာ ဖြစ်ပြီး လည်ပင်း မှာ အရင်လို ဘယက်နဲ့  ကျောက်မျက်ရတနာ တွေ ဆွဲတာ နည်းသွားပြီး
လက်ကောက် ၀တ်မှာ ပို အရေးပါလာတဲ့ ၀တ်စားမှု တွေ ပြုမှာ ဖြစ်ပါတယ်။

ဥရောပ နဲ့ အမေရိကန် မှာလူကြိုက်များနေတဲ့ ဖက်ရှင် နဲ့ သီရိရှင်းသန့်

ပါရီဟီလ်တန် ရဲ့ ဖက်ရှင်

နွေရာသီမှာ ခော်စားလာမယ့် ဖက်ရှင် ၁ #

နွေရာသီမှာ ခောတ်စားလာမာယ့် ဖက်ရှင် ၂ #

Saturday, January 23, 2010

ကိုရီးယားမင်းသမီးလေးတွေရဲ့ ပွဲတက်ဝတ်စုံ

ဒီဝတ်စုံလေးက မြင်ကွင်းမဂ္ဂဇင်းမှာ ဒီဇင်ဘာလ ကိုရီးယား အထူးထုတ် ထုတ်တုံးက ချုပ်ပေးလိုက်ရတာလေ......မဂ္ဂဇင်းတာဝန်ရှိသူတွေက ပုံလေးကို လာပေးတော့ သိပ်မထင်ပေမဲ့ ကြီူးစားပီး တူအောင်ချုပ်ပေးလိုက်ရတယ်..နိုဘယ်ကျော်ကျော် ရဲ့ ကိုယ်လုံးလေးက လှတော့ ပို အချိုးကျ တယ်လို့ထင်ရတယ်....အောက် က လင့်ခ လေးမှာ ကြည့်ပီး ဝေဖန်ပေးကြပါနော်...
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZ5xPuLrYUQQ_UNjMUG5oVCWulc7xrFe4fAR6GKojrqK-7ok8wTcN0vu4nMVxDACnqCwDMcgoLA1-iMVy9wlXpD0fP8PnxcZTDEFmFt1SIAvur_Kvrj_aTbODdnwELdxzg37o7DOrRCls/s1600-h/NobleKyawKyaw.jpg